၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ပထမနေ့တွင် မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသူများဖြင့်စည်ကား

မြန်အောင် မေ ၂၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ပထမနေ့တွင် မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများ၌ ကျောင်းအပ်နှံသူများ ဖြင့် စည်ကားလျက်ရှိပြီး မြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ ရှိရင်း (၃၅၅၁၃)ဦး​ရှိရာ ယနေ့ကျောင်းအပ်နှံသူ (၁၆၀၆၄)ဦးရှိကြောင်း မြန်အောင်ခရိုင် ပညာရေးမှူးရုံးမှသိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားပြီး “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ/ဆရာမများ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ်(မြန်အောင်)