ငွေဆောင်မြို့၊ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်နှံခြင်းများ စတင်လက်ခံဆောင်ရွက်

ငွေဆောင် မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိရေးအတွက် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းများ စတင်လက်ခံ​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်ခြင်းကို မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ထိ လက်ခံသွားမည်ဖြစ်ပြီး ကျောင်းနေအရွယ်ကလေးငယ်များ၊ ကျောင်းပြင်ပတွင် ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအားလုံး အချိန်မီအပ်နှံနိုင်ရေးနှင့် ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိရေးကို ဆောင်ရွက် ပေးထားကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်၊ ပေတံ၊ ခဲတံ၊ ဘောပင်၊ ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းဝတ်စုံတို့ကို အခမဲ့ထောက်ပံ့ပေးကြောင်း သိရသည်။

R-014