ပင်လောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းအပ်နှံမှု စတင်လက်ခံ

ပင်လောင်း မေ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုကို ယနေ့နံနက်ပိုင်းမှစ၍ စတင်လက်ခံပေးလျက်ရှိကြောင်းသိရသည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပင်လောင်းမြို့နယ်အတွင်းရှိ  အခြေခံပညာအထက်တန်းကျောင်း (၁၄) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၁၂) ကျောင်း၊ အလယ်တန်းကျောင်း (၃၀)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁၆)ကျောင်း၊ မူလတန်းလွန်ကျောင်း (၂၉) ကျောင်း၊ မူလတန်းကျောင်း(၁၆၆)ကျောင်း၊ မူလတန်းကျောင်း(ခွဲ) (၃)ကျောင်း စုစုပေါင်း (၂၇၀) ကျောင်းဖွင့်လှစ်ပြီး၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) (၂) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ မူလတန်းလွန်ကျောင်း (၁) ကျောင်း၊ မူလတန်းကျောင်း (၉) ကျောင်း၊ မူလတန်းကျောင်း(ခွဲ) (၂) ကျောင်း ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း၊ အဆိုပါ ဖွင့်လှစ်နိုင်သည့် ကျောင်း(၂၇၀) ကျောင်း၌ ယနေ့ကျောင်းလာရောက် အပ်နှံသူ (၃၈၈၁) ဦးရှိပြီဖြစ်‌ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ကျောင်းအပ်နှံလာရောက်ကြသည့်  ကျောင်းသား၊ ကျောင်းသူကလေးငယ်များနှင့် ကျောင်းသား၊ ကျောင်းသူမိဘများအား စာရင်းပေးသွင်းစေပြီး၊ ကျောင်းသား၊ ကျောင်းသူအတွက် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်