ပေါင်းတည်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား လစဉ်ပုံမှန် ပင်စင်လစာငွေများ စတင်ထုတ်ပေး

ပေါင်းတည် မေ ၂၂

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား မေလ ၂၁ ရက်နေ့နံနက်ပိုင်းမှစ၍  ပေါင်းတည်မြန်မာ့စီးပွားရေးဘဏ်မှ လစဉ်ပုံမှန် ပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိသည်။

ပေါင်းတည်မြို့နယ်၌ ယခုလအတွက် နိုင်ငံရေးပင်စင်၁၁၄ဦး၊ကာကွယ်ရေးပင်စင်၇၀၂ဦးနှင့် မြို့ပြပင်စင်၁၂၂၂ဦးကို မူရင်းလစဉ်ပင်စင်လစာငွေနှင့် လစဉ်ထောက်ပံ့ငွေများကို ထုတ်ပေးရန်ရှိကြောင်းနှင့် ယနေ့နံနက်ပိုင်းမှစ၍ အငြိမ်းစာဝန်ထမ်းများလာရောက် ထုတ်ယူလျက်ရှိကြကြောင်းသိရသည်။

ရွှေသား