ရွှေပြည်သာ မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းကို မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ သံဒင်း(၁၉)ရပ်ကွက်၊မေ့မေတ္တာအိမ်ယာရုံးခန်းမတွင် ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်အေးကျော့ခိုင်က အဖွင့်အမှာစကားပြောကြားပြီး ဌာန၏လုပ်ဆောင်နေမှုများ၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်များ၊ စီမံကိန်းအကျိုးကျေးဇူများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းငှားရမ်းထောက်ပံ့ပေးမည့်အစီအစဉ်များ၊ လုပ်ငန်းထူထောင်မည့်သူများရွေးချယ်ရာတွင် အမှန်တကယ်လုပ်ငန်းထူထောင်မည့်သူများကိုသာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ရွှေပြည်သာမြို့နယ် မေ့မေတ္တာလူမှုအဖွဲ့အစည်းဒါရိုက်တာ ဒေါ်ဗန်လီဇာအောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါ စက်ချုပ်နည်းပညာသင်တန်းကို တစ်လကြာစာတွေ့(၃၀)ရာခိုင်နှုန်း၊ လက်တွေ့(၇၀) ရာခိုင်နှုန်း သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား/သင်တန်းသူ(၁၅)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
နေမျိုးထွန်း