ဇလွန် မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် သစ်တောဦးစီး ဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဗျင်းလယ်ဦး စံပြကျေးရွာ လယ်ဦးကျောင်းတိုက်ဝန်းအတွင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်း၍ စိုက်ပျိုးခဲ့ကြသည်။
၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များအား ပျိုးပင်များပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများစုပေါင်း၍ မန်ဂျန်ရှားပင် (၁၅၀) ယူကလစ်ပင် (၁၅၀)၊ မဟော်ဂနီပင် (၅၀)၊ ပျဥ်းကတိုးပင်(၅၀)၊ ခရေပင် (၅၀)၊ ပိတောက်ပင်(၄၀)၊ ရေတမာပင် (၁၀)၊ ကံ့ကော်ပင် (၁၀)၊ စုစုပေါင်း ပျိုးပင်ပေါင်း (၅၁၀) ပင်ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ဝေယံ(ပြန်/ဆက်)