ကြံခင်းမြို့နယ်ရဲတပ်မှူးရုံးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရဲတပ်ဖွဲ့ဝင်မိသားစုများ၏ သား၊ သမီးများအား ကျောင်းသုံးပစ္စည်းများနှင့် ပညာသင်စရိတ်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ကြံခင်း မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရဲတပ်ဖွဲ့ဝင်မိသားစုများ၏ သား၊ သမီးများအား ကျောင်းသုံးပစ္စည်းများနှင့် ပညာသင် စရိတ်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါခန်းမ၌ ပြုလုပ်ခဲ့ရာ ၅၂၈ လူငယ် ဖွံ့ဖြိုးရေးပရဟိတကျောက်တိုင် ကျောင်းအုပ်ဆရာတော်၊ လဲဝါကျောင်းတိုက်ဆရာတော်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် မိသားစုဝင်များ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားကို ကြံခတောအုပ်စု၊ ၅၂၈ လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောက်တိုင်၊ ကျောင်းအုပ်ဆရာတော် သီတဂူဗုဒ္ဓတက္ကသိုလ်(ပြည်)(ပါမောက္ခ) ဒေါက်တာပညာနန္ဒ (Ph.D.Thesis)က ဆုံးမသြဝါဒ စကားပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရဲတပ်ဖွဲ့ဝင် မိသားစုများ၏ သား၊ သမီးများအား ကျောင်းသုံးပစ္စည်းများနှင့် ပညာသင်စရိတ်ပေးအပ်ရခြင်း ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ၅၂၈ လူငယ်ဖွံ့ဖြိုးရေးပရဟိတ ကျောက်တိုင် ကျောင်းအုပ်ဆရာတော် ဒေါက်တာပညာနန္ဒ၊ ရွှေတောင်စုရပ်ကွက်၊ လဲဝါကျောင်းတိုက် ဆရာတော် ဦးကောဝိတ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ကြည်ကြည်အေး၊ မြို့မရဲစခန်းမှူး ရဲမှူးလှခိုင်နှင့်တာဝန်ရှိသူများ က ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးအား ကျောင်းသုံးပစ္စည်းများနှင့် ပညာသင်စရိတ်များ ပေးအပ်ကြသည်။

အဆိုပါ ကျောင်းသုံးပစ္စည်းများနှင့် ပညာသင်စရိတ်များအား မြို့နယ်ရဲတပ်မှူးရုံးမှ ပစ္စည်းနှင့်တန်ဖိုးငွေကျပ် ၉၆၅၀၀ဝိ/- အားလည်းကောင်း၊ ၅၂၈ လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောက်တိုင်၊ ကျောင်းအုပ်ဆရာတော်မှ ပစ္စည်းနှင့်တန်ဖိုးငွေကျပ် ၁၉၄၅၀၀ဝိ/- အားလည်းကောင်း၊ လဲဝါကျောင်းတိုက်ဆရာတော်မှ ငွေကျပ် ၂၅၀၀၀ဝိ/-၊ စုစုပေါင်း ငွေကျပ် ၃၁၆၀၀၀ဝိ/- တန်ဖိုးရှိ ကျောင်းသုံး ပစ္စည်းများနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း