တံတားဦးခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းအပ်လက်ခံနေမှုအား လှည့်လည်ကြည့်ရှုအားပေး

တံတားဦး မေ ၂၂

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ကျောင်း သား/သူများ ကျောင်းအပ်ခံကို ယနေ့နံနက်ပိုင်းက စတင်ကာဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါကျောင်းအပ်လက်ခံခြင်းကို တံတားဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးကြပြီး ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံဆောင်ရွက်ရာတွင် KG တန်းမှ Grade-12 တန်းအထိနှင့် တံတားဦးမြို့နယ်ခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ဖွင့်လှစ်ထားသော အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးကျောင်းသား/သူများ ကျောင်းအပ်နှံရေးကို ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း မည့်သည့်အခကြေး ငွေမျှ ကောက်ခံမှုမရှိဘဲ KG တန်း ကျောင်းအပ်နှံကြသည့် ကျောင်းသား/ သူတစ်ဦးလျှင် ကျောင်းဝတ်စုံ(၁)စုံ၊ ကျောင်းသုံးပြဌာန်းစာအုပ် (၁) စုံစီကိုလည်းကောင်း၊ Grade-1 မှ Grade-5 အထိ ကျောင်းအပ်နှံကြသည့် ကျောင်းသား/ သူတစ်ဦးလျှင် ကျောင်းဝတ်စုံ (၁) စုံ၊ ကျောင်းသုံးပြဌာန်းစာအုပ် (၁) စုံ၊ ဗလာစအုပ် (၆) အုပ်နှင့် ခဲတံ (၄) ချောင်းစီကိုလည်းကောင်း၊ Grade-6 မှ Grade-12 အထိ ကျောင်းအပ်နှံကြသည့် ကျောင်းသား/ သူတစ်ဦးလျှင်  ကျောင်းသုံးပြဌာန်းစာအုပ် (၁) စုံ ၊ ဗလာစအုပ် (၁) ဒါဇင်၊  ခဲတံ (၂) ချောင်းနှင့် ဘောလ်ပင် (၂) ချောင်းစီကိုလည်းကောင်း နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ထုတ်ပေးပါကြောင်း သိရသည်။

အခြေခံပညာကျောင်းများအား ၂၀၂၅-ခုနှစ် ဇွန်လ (၂) ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ တံတားဦခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား/သူများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် စာရေးကိရိယာများကို ကျောင်းသား/သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြသည်။

ဆက်လက်၍ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် စာသင်ခန်းများ သန့်ရှင်းသပ်ရပ်မှု၊ စာသင်ခုံများ ညီညာပြီး စနစ်တကျသန့်ရှင်းမှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)