ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသား/ကျောင်းသူးများအား ကျောင်းအပ်လက်ခံ

အင်တော မေ ၂၂

ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ် နှင့်အညီ ၂၀၂၅ ခုနှစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းစ၍ ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်စတင်လက်ခံ ဆောင်ရွက်ပေး လျက်ရှိသည်။

အဆိုပါ ကျောင်းအပ်လက်ခံရာတွင် ကျောင်းသား/ကျောင်းသူများ၏ မိဘ(သို့မဟုတ်) တာဝန်ရှိသူများက ကိုယ်တိုင်လာရောက်၍ KG တန်းမှ Grade-12 တန်းအထိ ကျောင်းသား /ကျောင်းသူများကို သက်ဆိုင်ရာအတန်းလိုက် ဆရာ/ဆရာမများက လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများကို ဇွန်လ၂ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး နိုင်ငံတော်မှ KG ၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများအား ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပြဌာန်း စာအုပ်၊ ဗလာ စာအုပ်၊ ခဲတံစသည်တို့ကိုလည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးပြဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ စသည်တို့ကို လည်းကောင်း အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အင်တော (ပြန်/ဆက်)