ကန့်ဘလူ မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ၁၆ ခုတင်ဆံ့တိုင်ရင်းဆေးရုံတို့က အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အခမဲ့စမ်းသပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကန့်ဘလူမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေမိုးနှင့်ဝန် ထမ်းများ၊ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ် ဒေါ်သန်းသန်းလတ်နှင့်ဝန်ထမ်းများ ပင်စင်လာရောက်ထုတ်ယူသူ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးတိုး၊ ဆီးချို၊ နှလုံး စသည့် အခြေခံကျန်းမာရေးရောဂါဆိုင်ရာများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်း၊ ဆေားဝါးများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည်တို့ကို စမ်းသပ်ဆောင်ရွက်ပေးရာ ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်တို့က လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုများကို လစဥ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယမန်နေ့က ၂၇၅ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်းနှင့် မြန်မာ့စီးပွားရေးဘဏ်ရုံးဝန်းအတွင်း ကွက်လပ်နေရာ၌ ပင်စင်လာရောက် ထုတ်ယူသူများ အရပ်ထဲရနားနေနိုင်ရန် အမိုးပါအဆောင်တစ်ခုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ငွေကျပ် ၅ သိန်းမတည်၍ အလှူရှင်များနှင့် ပူးပေါင်းကာ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း