ရွှေသောင်ယံမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားများကျင်းပ

ရွှေသောင်ယံ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရှိကျောင်းများတွင် ယနေ့နံနက်(၈)နာရီ အချိန်က ကျောင်းအပ်နှံရေးအခမ်းအနားကို ပြုလုပ်ရာ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ လာရောက်ကြကြောင်း သိရသည်။

ကျောင်းအပ်နှံရေးပြုလုပ်ရာတွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ KG တန်းမှ Grade-12 အထိ အခမဲ့ ကျောင်းအပ်လက်ခံပြီး ဆိုင်ရာအတန်းအလိုက် ‌ ဗလာစာအုပ်များ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ခဲတံများအား အခမဲ့ထုတ်ဝေပေးနေမှုများကို မြို့အုပ်ချုပ်ရေးမှူးမှ လိုက်လံကြည့်ရှုစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါကျောင်းအပ်နှံပေးခြင်း အစီအစဉ်ကို မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအားလုံး၌ အခမဲ့လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)