ဘိုကလေး မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အခြေခံပညာကျောင်း (၄၉၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၄)ကျောင်း၊ စုစုပေါင်း (၅၀၉)ကျောင်းရှိရာ အဆိုပါကျောင်းများအားလုံး၌ ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းသား/သူများအား ကျောင်းအပ် စတင်လက်ခံလျက်ရှိသည်။
ဘိုကလေးမြို့နယ်အနေဖြင့် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းအား ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားသည့် ယနေ့မေလ(၂၂)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့ အထိ ပိတ်ရက်မရှိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းသား/သူများကိုလည်း သင်ရိုးညွှန်းတမ်း စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများ အခမဲ့ပေးအပ်လျက်ရှိကြောင်းနှင့်တာဝန်ရှိသူများကလည်း ကျောင်းအပ်နှံရေး ဆောင်ပုဒ်ဖြစ်သည့် “ကျောင်းနေ အရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံ ပညာသင်ကြားနိုင်ရေး နှိုးဆော်ဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)