ကဝ မေ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်(KG and Grade-1/2/3/4)ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ သင်တန်းဆင်းပွဲအခမ်းအနားကို မေလ ၂၀ ရက်နေ့မွန်းလွဲ(၂)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ကဝ)၊ ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင်မြို့နယ်ပညာရေးမှူးဦးလင်းအောင်က သင်တန်းဆင်းအမှာစကားပြောကြားရာ၌ ဆရာ၊ဆရာမများအနေဖြင့် သင်ကြားရမည့်ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာသင်ကြားပို့ချနိုင်စေရန်နှင့် သင်ကြားရေးအရည်အသွေးမြင့်မားလာစေရန်အတွက် သင်တန်းကိုဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် သင်ကြားရေးအတွက်အကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းမှပို့ချလိုက်သည်များကို ထိထိရောက်ရောက်ဖြစ်အောင် ပြန်လည်သင်ကြားပေးဖို့လိုပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(KG and Grade-1/2/3/4)ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၃ ရက်ကြာသင်တန်းပို့ချပေးခဲ့ပြီး သင်တန်းနည်းပြဆရာ/ဆရာမ(၂၄)ဦးနှင့် သင်တန်းသားဆရာ/ဆရာမ(၃၆၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ရဲဇော်ဟိန်း