ရွှေတောင်မြို့နယ်၊ ရွှေနတ်တောင်စေတီတော်မြတ်ကြီးတွင် သစ်သီးဆွမ်းကပ်လှူပူဇော်ပွဲ ကျင်းပ

ရွှေတောင် မေ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မယားမာန်ကျေးရွာအုပ်စု၊ မယားမာန်ကျေးရွာရှိ ရွှေနတ်တောင်စေတီတော်မြတ်ကြီးတွင် မေလ ၂၀ ရက်နေ့နံနက်ပိုင်းက ကျေးဇူးတော်ရှင် မေတ္တာဝါဒီ ရွှေပေါက်ပင်ဆရာတော်ဘုရားကြီး ဦးသောမစာရကြီးမှူး၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် အကျိုးတော်ဆောင် ဆရာတော်များ၊ ရွှေနတ်တောင်စေတီတော်မြတ်ကြီး၏ သြဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှပင့်သံဃာတော်များ၊ ရွှေတောင်မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံဒါယကာ၊ ဒါယိကာမများက သစ်သီးဆွမ်းကပ်လှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသစ်သီးဆွမ်းကပ်လှူပူဇော်ပွဲသို့ ရွှေပေါက်ပင်ဆရာတော်ဘုရားကြီးနှင့် ဒါယကာ၊ ဒါယိကာမများ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် အကျိုးတော်ဆောင် ဆရာတော်များ၊ ရွှေနတ်တောင်စေတီတော်မြတ်ကြီး၏ သြဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ပင့်သံဃာတော်များ၊ ရွှေတောင်မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒါယကာ၊ ဒါယိကာမများ လာရောက်၍ သစ်သီးဆွမ်းကပ်လှူပူဇော်ခြင်း၊ ဆရာတော်ကြီးနှင့် ဒါယကာ၊ ဒါယိကာမများမှ ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းများကပ်လှူခြင်း၊ ရေစက်ချတရားနာခြင်း၊ မေတ္တာပို့အမျှဝေခြင်း ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)