အုတ်တွင်း မေ၂၂
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးအထိမ်းအမှတ်‘ကျောင်းနေအရွယ်ကလေးအားလုံးစဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့’မြေစိုက်ပိုစတာစိုက်ထူခြင်းကို မေလ ၂၀ ရက်နေ့ နံနက်၉နာရီအချိန်က ဘုန်းတော်တိုး၊ ဘုန်းတော်ပွင့်၊ ဘုန်းတော်တင့်၊ ဘုန်းတော်မြင့်ဘုရားအနီး မီးပွိုင့်လမ်းဆုံနှင့်မြို့နယ်ပညာရေးမှူးရုံးတွင် စိုက်ထူခဲ့သည်။
အဆိုပါ ကျောင်းအပ်နှံရေးမြေစိုက်ပိုစတာစိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအဏ္ဏဝါအောင်၊ မြို့နယ်ပညာရေးမှူးဒေါ်ကြူကြူမာတို့က အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်းခဲ့ကြပြီး၊ မြေစိုက်ပိုစတာစိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ နှင့်ဆရာ/ဆရာမများ တက်ရောက်ခဲ့သည်။
အုတ်တွင်းမြို့နယ်တွင်၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေလ ၂၂ ရက်နေ့မှဇွန်လ ၁ ရက်နေ့အထိ KGမှGrade-12အထိ ကျောင်းသား/ကျောင်း သူများအား အခမဲ့လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အခြေခံပညာဦးစီးဌာနမှလည်း KGမှGrade-12အထိ ကျောင်းသား/ကျောင်းသူများကို ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများနှင့် မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူများကိုလည်း ကျောင်းဝတ်စုံများ အခမဲ့ထုတ်ဝေပေးသွားမည်ဖြစ်ပါကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ခင်ခင်မာ