ညောင်တုန်းနယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်း စတင်ဆောင်ရွက်

ညောင်တုန်း မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကျောင်း လာ‌ရောက်အပ်နှံကြသည့် ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ခံ ဆရာ/ဆရာမနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေပညာကျောင်း(၂၁၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၅)ကျောင်းတို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်လက်ခံကို မေလ(၂၂)ရက်မှ ဇွန်လ(၁)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)