ပန်းတနော်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံမှုစတင်လက်ခံ

ပန်းတနော် မေ ၂၂   

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်တွင် ယနေ့ မေလ ၂၂ ရက်နေ့နံနက်ပိုင်းမှစတင်၍ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှု စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။    

၂၀၂၅-၂၀၂၆ ပညာသင်နှစ်ဆောင်ပုဒ်မှာ "ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဗီနိုင်းပိုစတာအားစိုက်ထူထားပြီး၊ ကျောင်းအပ်နှံရေးသီတင်းပတ်အနေဖြင့် မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားရာ ပန်းတနော်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်အပ်နှံလျက်ရှိသည်။ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကို အခမဲ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)