ပန်းတနော်မြို့၌ ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပန်းတနော် မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန် လျှော့ချနိုင်စေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ဆပ်သေကျေးရွာအုပ်စု၊ ကျုံတွတ် အ.မ.က ကျောင်းဝန်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

 အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးသိန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စစ်လင်းနှင့်ဝန်ထမ်းများ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမင်းအေးချမ်းဇွန်၊ သစ်တောဦးစီးဌာန မြို့နယ်တာဝန်ခံ(တောအုပ်) ဦးသန့်ဇင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၂၀၀)ဦးခန့်တို့က မန်ဂျန်ရှား (၁၁၀)၊ မဟော်ဂနီ (၈၇)၊ ခရေ(၁၁)၊  စိန်ပန်း (၂၂) စုစုပေါင်း (၂၃၀)ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ ဆက်)