လက်ပံတန်းမြို့တွင် ကျောင်းအပ်နှံရေးသီတင်းပတ်မြေစိုက်ပိုစတာ စိုက်ထူပွဲကျင်းပ

လက်ပံတန်း မေ၂၂

ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မြို့မဈေးအဝိုင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်“ကျောင်းနေရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်းကို မေလ ၂၀ ရက်နေ့နံနက် ၇ နာရီကကျင်းပခဲ့သည်။

အဆိုပါဆိုင်းဘုတ်တင်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးဒေါ်ဥမ္မာဦးနှင့် ဆရာ/ဆရာမများတက်ရောက်ခဲ့ပြီး ကျောင်းသားကျောင်းသူများအား မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၂ ရက်နေ့တွင် အခြေခံပညာကျောင်းများအား စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှသိရသည်။

မြို့နယ် (ပြန်/ဆက်)