ညောင်လေးပင်မြို့တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း (မြို့နယ်အဆင့်) ဆွေးနွေးပွဲ ဆက်လက်ပို့ချလျက်ရှိ

ညောင်လေးပင်  မေ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် သင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရန် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း (မြို့နယ်အဆင့်) ဆွေးနွေးပွဲကို မေ ၂၀ ရက်နေ့ နံနက် (၉)နာရီအချိန်က အ.ထ.က(ခွဲ) အခြေခံပညာအထက်တန်းကျောင်းနှင့် အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆက်လက်ပို့ချလျက်ရှိသည်။

အဆိုပါ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် သင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရန် အလယ်တန်းအဆင့် နည်းပြဆရာ၊ ဆရာမ (၃၀)ဦးတို့က အလယ်တန်းအဆင့်ဆရာ၊ ဆရာမ (၄၆၀)ဦးကိုလည်းကောင်း၊ မူလတန်းအဆင့် နည်းပြဆရာ/ဆရာမ (၄၆)ဦးတို့က မူလတန်းအဆင့် ဆရာ၊ ဆရာမ(၆၁၅)ဦးတို့အားလည်းကောင်း အ.ထ.က(ခွဲ)အခြေခံပညာအထက်တန်းကျောင်းနှင့် အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ယနေ့နောက်ဆုံးရက်နေ့အဖြစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)