နတ်တလင်း မေ၂၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို မေလ ၂၀ ရက်နေ့၊ နေ့လယ် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) အထွေထွေမန်နေဂျာဦးအောင်ဇော်မိုးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ချေးငွေအကြံပေးဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးမှ ဆွေးနွေးပြောကြားကာ တာဝန်ရှိသူများမှ ဂျိတ်တောကြီးကျေးရွာရှိ တောင်သူ ၁၀၄ ဦး၏(၆၇၄)ဧကအတွက် တစ်ဧက (၁၅၀၀၀၀) ကျပ်နှုန်းဖြင့် (၁၀၁၁၀၀)သိန်းအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခဲ့သည်။
ထို့နောက် ဂျိတ်တောကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးမြင့်စိန်မှ ကျေးဇူးတင်စကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) အထွေထွေမန်နေဂျာမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
ဝေယံဖြိုး