ပေါင်းတည် မေ ၂၂
ပညာရေးဝန်ကြီးဌာန၂၀၂၅-၂၀၂၆ပညာသင်နှစ်‘ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့’ မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို မေလ ၂၀ ရက်နေ့နံနက် ၈ နာရီက ပေါင်းတည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင်ကျင်းပပြုလုပ်ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဒေါ်ခင်သင်းရီနှင့်ပညာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌဒေါ်ခိုင်မာလွင်နှင့်အသင်းအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းနှင့်ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီးဆရာမကြီးများ၊ကျောင်းသားကျောင်းသူများနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ "ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြေစိုက်ပိုစတာအား အမွှေးနံသာများဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ အခမ်းအနားသို့ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြကြောင်းသိရသည်။
ရွှေသား