ကျိုက်လတ် မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်နှံမှု စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅ ခုနှစ် မေလ (၂၂) ရက်နေ့မှ ဇွန်လ(၁) ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများကို သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ အခမဲ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
လှိုင်မင်းအောင်