ညောင်တုန်းမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်‌ချေး‌ငွေ ထုတ်ချေး

ညောင်တုန်း မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူလယ်သမားများထံသို့ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်းကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ မေလ ၁၉ ရက်နေ့မှ စတင်၍ ထုတ်ချေး‌ပေးလျက်ရှိသည်။

ထိုသို့ ချေးငွေထုတ်ချေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)၏ ချေးငွေညွှန်ကြားစာပါ စည်းကမ်းချက်များနှင့်အညီ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၅)အုပ်စုမှ တောင်သူ(၅,၄၅၅)ဦး၏ မိုးစပါးစိုက်ပျိုးဧက(၃၄,၈၈၈)အတွက် ငွေကျပ်သိန်း(၅၂,၃၃၂)အား လုပ်ငန်းအချိန်မီ ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

မြို့နယ်(ပြန်ဆက်)