ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဟင်္သာတ မေ ၂၂

ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီချိန်တွင် ကျင်းပပြုလုပ်ပါသည်။

အဆိုပါ စာဖတ်ဝိုင်းတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာဆွေမှ ယခုလိုစာဖတ်ဝိုင်းကျင်းပရခြင်း၏ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်စန်းစန်းမြင့်နှင့် ဒေါ်မော်မော်ဝင်းတို့မှ အိမ်နီးချင်းနှင့် အိမ်နီးချင်းကောင်းဆက်ဆံရေးခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး တတ်ရောက်လာသူများမှ သိရှိလိုသည်များကို ပါဝင်ဝင်ရောက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာဆွေ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် အဖွဲ့ဝင်များ စုစုပေါင်း(၂၀) တက်ရောက်ခဲ့ကြောင်း သိရပါသည်။

ခရိုင်(ပြန်/ဆက်)

ဟင်္သာတ