မြဝတီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး တိုးမြှင့်ဆောင်ရွက်

မြဝတီ မေ ၂၁

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများ Quick Win အစီအမံငါးရပ်အား တိကျစွာ လိုက်နာဆောင်ရွက်မှု ရှိစေရေး အသိပညာပေးဆောင်ရွက်ခြင်းကို  ယနေ့နံနက် ၁၀:၀၀ နာရီက အမှတ်(၄) ရပ်ကွက် မြေနီကုန်း လမ်းဆုံမီးပွိုင့်နှင့် မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးရှေ့တို့၌ ဆောင်ရွက်သည်။          

အဆိုပါ အသိပညာပေး ဆောင်ရွက်ခြင်းကို  အမှတ် (၇၃) ယာဉ်ထိန်းတပ်ဖွဲ့စုမှ  တပ်ဖွဲ့စုမှူး  ဒုတိယရဲမှူး အောင်လင်းဌေး ဦးဆောင်၍ မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေး   အထောက်အကူပြုဆပ်ကော်မတီမှ တာဝန်သူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်  ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ  တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့တို့သည် ယာဉ်မောင်းသူများ လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်တွင် ပါဝင်သည့် အချက်များ၊ မော်တော်ယာဉ်များအတွက် သတ်မှတ်ဧရိယာအတွင်း မောင်းနှင်ရမည့်  မိုင်နှုန်းများအား ရှင်းလင်းပေးပြီး  စည်းကမ်းချက်နှင့်အညီ မလိုက်နာသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများဖြင့် အရေးယူဆောင်ရွက်ခြင်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)