လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ လက်ထောက်မူလတန်းပြအဖြစ် အသစ်ဝင်ရောက်မည့် ဆရာ၊ ဆရာမများအား ကြိုဆိုပွဲအခမ်းအနားကျင်းပ

လပွတ္တာ မေ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ လက်ထောက်မူလတန်းပြအဖြစ် အသစ်ဝင်ရောက်မည့် ဆရာ၊ ဆရာမများအား ကြိုဆိုပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ စီမံမှုဖြစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ လက်ထောက်မူလတန်းပြအဖြစ် အသစ်ဝင်ရောက်မည့် ဆရာ၊ ဆရာမများအား ကြိုဆိုပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့မိမြို့ဖ ဦးဝင်းမောင်က ကြိုဆိုနှုတ်ခွန်ဆက် အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရက အသစ်ဝင်ရောက်မည့်ဆရာ၊ ဆရာမများအား ကျေးဇူးတင်စကားပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးကျော်ဝင်းက လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားခဲ့‌ကြောင်းနှင့် လပွတ္တာမြို့နယ်အတွင်း လက်ထောက် မူလတန်းပြအဖြစ် အသစ်ဝင်ရောက်မည့် ဆရာမ၊ ဆရာမ စုစုပေါင်း(၈၉)ဦးတို့က နယ်ပယ်ဒေသအသီးသီးသို့ မေလ ၂၂ ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းနှင့် ကြိုဆိုပွဲအခမ်းအနားအပြီးတွင် နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း