ပခုက္ကူမြို့တွင် သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ လူနေအိမ်များအား ကာကွယ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ပခုက္ကူ မေ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့‌ပေါ်ရပ်ကွက်များအတွင်းရှိ သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ လူနေအိမ်များထံ ကွင်းဆင်း၍ ယမနေ့နံနက်ပိုင်းက ကာကွယ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသ‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ရှိသည့် ပခုက္ကူမြို့၊ အမှတ် ၁၄ နှင့် ၁၅ ရပ်ကွက်အတွင်းရှိ  လူနေအိမ် ၂ အိမ်အား ရောဂါကာကွယ်ဆေးဖျန်းခြင်း၊ ရေတွင်း၊ ရေကန်၊ ရေပုံးများအား ဖုံးသွန်လဲစစ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)