ဆိပ်ဖြူမြို့နယ်၌ ၂၀၂၅ မိုးရာသီသစ်ပင်များစိုက်ပျိုးနိုင်ရေး ပျိုးပင်(၃၁၀၀၀)ပျိုးထောင်ထားရှိ

ဆိပ်ဖြူ မေ ၂၁

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိန်းလန်းစိုပြည်ရေးအတွက် ၂၀၂၅ ခုနှစ် မိုးရာသီ လူထုဖြန့်ပျိုးပင် ပျိုးပင် (၃၁၀၀၀) ပျိုးထောင်စိုက်ပျိုးထားရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း အပူချိန်မြင့်မားသည့် အပူပိုင်းဇုံတွင်တည်ရှိပြီး သဘာဝပတ်ဝန်းကျင်အပူချိန်ထိန်းညှိခြင်း၊ မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ဂေဟစနစ်များ ဖွံ့ဖြိုးလာစေရန် ရာသီဥတုကြောင့် သဘာဝပတ်ထိခိုက်မှုများကာကွယ်ဆောင်ရွက်နိုင်စေရန် မြို့နယ်သစ်တောဦးစီးဌာနရုံး ပျိုးဥယျာဉ်၌ လူထုဖြန့်သစ်ပင်ပျိုးများကို ပျိုးထောင်၍ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ အခမဲ့ရယူစိုက်ပျိုးဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပျိုးထောင်ဆောင်ရွက်ထားရှိကြောင်း၊ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် ကျွန်း၊ မန်ဂျန်ရှား၊ တမာ၊ ကုက္ကို၊ ယူကလစ်နှင့် မယ်ဇလီ အစရှိသော ပျိုးပင်ပေါင်း (၃၁၀၀၀)ပျိုးထောင်ထားရှိပြီး မိုးဖြိုင်ဖြိုင်ရွာသွန်းကာလတွင် သစ်ပင်စိုက်ပျိုးလိုသည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ပျိုးပင်များကို အခမဲ့ရယူစိုက်ပျိုးဆောင်ရွက်နိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနက ပြောကြား၍ သိရှိရသည်။

စိုးလင်းနိုင်