ငပုတောမြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးဆွေးနွေးပွဲကျင်းပ

ငပုတော မေ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ငပုတောမြို့တောင်ပိုင်းရပ်ကွက်သာယာကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ရာအိမ်မှူး၊ ဆယ်ရပ်ကွက်နေပြည်သူများနှင့်တောင်သူများ တက်ရောက်ကြကြောင်းသိရသည်။

အဆိုပါအသိပညာပေးဆွေးနွေပွဲတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှူး တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက ယခုနှစ်မိုးရာသီတွင် သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်)မျိုးများကို လယ်မြေများတွင် ထည့်သွင်းစိုက်ပျိုးနိုင်ရေးအတွက် သစ်စိမ်းမြေဩဇာပိုက်‌ဆံလျှော်၏ အကျိုးကျေးဇူးများ၊သဘာဝမြေဩဇာနှင့်သစ်စိမ်းမြေဩဇာအချိုးကျသုံးစွဲနည်း၊မြေပြုပြင်ထိန်းသိမ်းနည်း၊ ယခုနှစ်မိုးရာသီတွင် နယူ‌ဧရာ၁၁ထည့်သွင်းစိုက်ပျိုးနိုငိရေးနှင့် အခြားစိုက်ပျိူးရေး နည်းစနစ်သစ်များအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးသန်းဦးက ပြည်သူ့စစ်မှုဥပဒေကိစ္စရပ်များ၊ ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းအပ်နှံနိုင်ရေး၊ အတန်းတက်နှုန်းပြည့်ဝမှုရှိရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာနိုင်ရေး၊ ရပ်ကွက်အလိုက် သန့်ရှင်းသာယာလှပစေရေး ကိစ္စရပ်များ အကျယ်တဝင့် ဆွေးနွေးပွဲပြောကြားခဲ့ပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်တင်ပြလာမှုအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အောင်သူ