ပန်းတနော် မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Youth Club)အဖွဲ့နှင့်ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးစိုးက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ သတိုးနွယ်ရေးသားသည့် “ဘာကြောင့် ထိပ်တန်းမရောက်တာလဲ” စာအုပ်မှ “ဘာကြောင့် မကြီးပွားတာလဲ”ကဏ္ဍကို ဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်း တက်ရောက် လာကြသောစာအုပ်စာစောင်ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များကလည်း မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် ဆောင်းပါးများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အပတ်စဥ်လစဥ် ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများနှင့် သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)