ကန့်ဘလူမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်

ကန့်ဘလူ မေ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ယနေ့ ၇ နာရီခွဲက ကန့်ဘလူမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့်ဝန်ထမ်းများ၊ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ် ဒေါ်သန်းသန်းလတ်နှင့် ဝန်ထမ်းများပူးပေါင်း၍ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ချမှုမရှိစေဘဲ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ အသက်အရွယ်အလိုက် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ပေးခြင်း၊ သွေးချိုဆီးချိုတိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ သွေးတိုး၊ နှလုံး၊ ခါးနာ၊ ဒူးနာရောဂါများ ကုသပေးခြင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစေရေးနှင့်လိုအပ်သည်များကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဦးသော်ဇင်ဦးနှင့်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း