​စေတုတ္တရာမြို့နယ်၌ သဘာဝဘေးအန္တရာယ်နှင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိသူများအတွက် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်

စေတုတ္တရာ မေ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားလာတတ်သော ဘေးအန္တရာယ်များကျရောက်လာပါက ပြည်သူများ ထိခိုက်ဒဏ်ရာရရှိသူများအတွက် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ကာကွယ်စောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဆေးရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်နှင့် ပြည်သူများထိခိုက်ဒဏ်ရာရရှိသူများအတွက် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသမှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ပြည်သူများထိခိုက်ဒဏ်ရာရရှိသူများအတွက် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်း (၆၀) ဦးက mass Casualty Incident drill ပြုလုပ်ခြင်း၊ ရှေးဦးသူနာပြုနည်းစနစ်များဖြင့် ကုသပေးခြင်းလုပ်ငန်းများ သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)