အောင်လံမြို့၌ မြို့နယ်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသခြင်း လုပ်ငန်းများဆောင်ရွက်

အောင်လံ မေ ၂၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန အောင်လံမြို့နယ် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ ဘိုးဘွားရိပ်သာ၊ ပရဟိတဆေးခန်း၌ ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးသန်းက သဘာဝဘေးအန္တရာယ်များအကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဘိုးဘွား(၁၂)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဆေးစစ်ခြင်း၊ ဆေးထည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဆေးဝါးများ အခမဲ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)