လပွတ္တာမြို့နယ်အတွင်းရှိ တည်းခိုခန်းများ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများဆောင်ရွက်

လပွတ္တာ  မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က လပွတ္တာမြို့နယ်အတွင်းရှိ တည်ခိုခန်းများ၌ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်မျိူးမြင့် ဦး‌ဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးစိမ်းကိုကိုနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ လပွတ္တာမြို့နယ်အတွင်းရှိ တည်းခိုခန်းများ မီးဘေးလုံခြုံမှုရှိစေရန်အတွက် မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးစစ်ဆေး ထောက်ခံချက် (Fire Safety Cerfiticate) ရရှိရေး ဆောင်ရွက်သွားရန်၊ မီးချိတ်မီးကတ်များ၊ မီးသတ်ဆေးဘူးများ စနစ်တကျထားရှိစေရေး၊ မီးလောင်မှု၊ မီးလန့်မှုများဖြစ်ပွားလာပါက အမြန်ဆုံးငြှိမ်းသတ်နိုင်ရေး အပေါ့စားမီးသတ်စက်၊ အရေးပေါ်ထွက်ပေါက်လှေကားများထားရှိစေရေး၊ လျှပ်စစ်မီးကြိုးများ၊ ဝါယာကြိုးများ စနစ်တကျထားရှိမှုများကို ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)