ပွင့်ဖြူ မေ ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပညာရေးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် အခြေခံပညာ မူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို မေလ ၁၈ ရက်နေ့မှ စတင်ကာ ပွင့်ဖြူမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ များအား ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများ တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း အခြေခံပညာ မူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲအား မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ (၃)ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး မူလတန်းအဆင့်တွင် နည်းပြဆရာ၊ ဆရာမ ၃၄ ဦးက မူလတန်းပြ ဆရာ၊ ဆရာမ ၄၅၉ ဦးကိုလည်းကောင်း၊ အလယ်တန်းအဆင့်တွင် နည်းပြဆရာ၊ ဆရာမ ၁၂ ဦးက အလယ်တန်းပြ ဆရာ၊ ဆရာမ ၈၃ ဦးကိုလည်းကောင်း သက်ဆိုင်ရာ ဘာသာရပ်များကို ဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )