မြဝတီ မေ ၂၀
ကရင်ပြည်နယ်၊ မြဝတီခရိုင်၌ အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်း ဆွေးနွေးပွဲကို မေလ ၁၈ ရက်နေ့ နံနက် ၉ နာရီက အမှတ် (၅) ရပ်ကွက်ရှိ အမှတ် (၃) ခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ခရိုင်အဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဆွေးနွေးပွဲကို မြဝတီခရိုင်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ဆရာ၊ ဆရာမများ သင်ကြားနေသည့်ဘာသာရပ်များ၏ သင်ကြားနည်း များနှင့် ကျောင်းအသီးသီးမှ ဆရာ၊ ဆရာမ တစ်ဦးချင်းစီ၏ တွေ့အကြုံများမှ အားသာချက် အားနည်းချက်များကိုသိရှိစေပြီး အကြံပြုခြင်း၊ နည်းလမ်းရှာခြင်းစသည့် ပြန်လည်အသုံးချတတ်စေရန်နှင့် အထက်တန်းကျောင်းအုပ်ကြီးများလည်း ဘာသာရပ်စွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်၍ ဘာသာရပ် မွမ်းမံ ဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြဝတီခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးပြီး ဆွေးနွေးပွဲကို မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အထက်တန်း ကျောင်းအုပ်ကြီးများ၊ အထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများ စုစုပေါင်း ၁၂၄ ဦး တက်ရောက် လျက်ရှိပြီး သင်တန်းနည်းပြ (၉) ဦးတို့က မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဆွေးနွေး ပို့ချသွား မည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)