မဟာအောင်မြေမြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်း

မဟာအောင်မြေ မေ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်ရှိ ငလျင်ဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေလ ၁၈ ရက်နေ့ မွန်းလွှဲပိုင်းက လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းလှူဒါန်းရာသို့ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်ရှိ ငလျင်ဘေးသင့်ပြည်သူ အိမ်ထောင်စု (၆၀၈) စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲ (မန္တလေး)မှ ဒုမြို့နယ်တပ်ဖွဲ့မှူး ဒေါ်ဝါဝါရွှေနှင့် အဖွဲ့ဝင်များက Torch၊ Mosquito Net နှင့် ငွေသား ၅၀၀၀ဝိ/-ကျပ်အား ငလျင်ဘေးသင့်ပြည်သူများလက်‌ရောက် စနစ်တကျပေးအပ်လှူဒါန်းခဲ့‌ကြာင်း သိရသည်။

အောင်ဇော်မင်း