ကျိုက်လတ် မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဆရာ/ဆရာမများအား သင်ကြားမှုစွမ်းရည် ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည်။
အဆိုပါ ဘာသာရပ်စွမ်းရည် မွမ်းမံသင်တန်းအား မြို့နယ်ပညာရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ မေလ(၁၈)ရက်နေ့မှမေလ (၂၀)ရက်နေ့အထိ ပို့ချပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းများမှ ဆရာ၊ ဆရာမများ၊ နည်းပြများ တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ်(ပြန်/ဆက်)