ဝမ်းတွင်း မေ ၁၉
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်များစိုက်ထူခြင်းကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊အ.ထ.က(ဝမ်းတွင်း)၊ အ.ထ.က(သဲတော)၊ အ.ထ.က-ခွဲ ဝမ်းတွင်း(၁)စသည့် နေရာအသီးသီးတို့၌ ပြုလုပ်ခဲ့သည်။
အဆိုပါဆိုင်းဘုတ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါရှိကာ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိဖြစ်ကြောင်း သိရသည်။ အဆိုပါဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးဒေါ်သီတာနှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ မြိုနယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ကြပြီး ဆိုင်ဘုတ်အား အမွှေးနံ့သာရည်များပက်ဖြန်းကာ စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံများရိုက်ခဲ့ကူးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)