ကျောက်ဆည် မေ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သည် ဆည်၊ မြောင်း၊ ချောင်းကန်၊ ပေါများပြီး ဆည်ရေသောက်စနစ်ဖြင့် သီးနှံမျိုးစုံစိုက်ပျိုးကြပြီး ၂၀၂၄-၂၀၂၅ ခုနှစ် နွေသီးနှံရာသီး၌ နွေးစပါး၊ နွေနှမ်းနှင့်၊မိုးကြိုဝါသီးများစိုက်ပျိုးအဓိထားစိုက်ပျိုးကြကြောင်းနှင့် ရေရရှိရေးနည်းလမ်းဖြင့် နွေနှမ်း(၄၄၂၀၆) ဧက စိုက်ပျိုးထားရှိပြီးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နွေနှမ်းသီးနှံများစိုက်ပျိုးရာ၌ ဇော်ဂျီဆည်ရေဖြင့် (၃၁၀၃၇)ဧက၊ ကင်းတားဆည်ရေဖြင့်(၁၃၁၂၉)ဧက၊ သစ်တက္ကုန်းဆည်ရေဖြင့်(၄၀)ဧက၊ စုစုပေါင်း(၄၄၂၀၆)ဧက၊ စိုက်ပျိုးကြောင်းနှင့် စိုက်ပျိုးရာတွင် ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ဆင်းရတာ-၄ နှမ်းများစိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နွေနှမ်းသီးနှံစိုက်ခင်းများ အထွက်နှုန်းကောင်းမွန်ပြီးအောင်မြင်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဘောင်ကြီးတင်စနစ်၊ တန်းဆွဲစနစ်များ အဓိကထားစိုက်ပျိုးစေပြီး ပင်ကြား၊တန်းကြား မှန်ကန်ရေး စိုက်ကွင်းများသို့ကွင်းဆင်းပြီး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်