မြန်အောင် မေ ၁၉
ဧရာ၀တီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကိုတစ်ဧကလျင် တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြန်အောင်ဘဏ်ခွဲမှ ယနေ့စတင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးရာတွင် မြန်အောင်မြို့နယ် စီမံကိန်းဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးဦးက လယ်သမားများနှင့်တွေ့ဆုံ၍ စိုက်ပျိုးစရိတ်ချေးငွေများအား လယ်ယာမြေအတွက် အကျိုးရှိစွာအသုံးပြုရန်၊ မိုးစပါးအထွက်နှုန်းတိုးတက်ရေး၊ ကြဲခင်းစနစ်ပပျောက်ရေးဆောင်ရွက်ကြရန်ဆွေး နွေးပြောကြား ခဲ့ကြသည်။
မြန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်စုစုခိုင်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက် လယ်(၁)ဧက ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းကို အတိုး ၅% ဖြင့် ထုတ်ချေးမှာ ဖြစ်ပြီးလယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ရှိတဲ့တောင်သူများကိုသာ ထုတ်ချေးပေးမှာဖြစ်ကြောင်းနှင့် တောင်သူများကို ချေးငွေထုတ်ချေးသည့် စာချုပ်ပါစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
မြန်အောင်မြို့နယ်အတွင်း ကျေးရွာအုပ်စု (၅၇) အုပ်စုရှိ တောင်သူ (၁၀,၂၀၀) ကျော် တို့၏ လယ်ယာမြေ ဧက (၆၅,၅၆၄) အတွက် ကျပ် (၉၈,၃၄၆.၀၀)သိန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ် ငွေချေးရန်လျာထားကြောင်း၊ ယနေ့စတင်ထုတ်ချေးသော ညောင်ဝိုင်းကျေးရွာအုပ်စုမှ တောင်သူ(၇၈)ဦး လယ်ယာမြေ(၄၀၀) ဧကအတွက် ကျပ်(၆၀၀.၀၀)သိန်း ထုတ်ချေးပေးခဲ့ကြောင်း မြန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာထံမှ သိရှိရသည်။
၀င်းဗိုလ်
မြန်အောင် (ပြန်/ဆက်)