ငပုတောမြို့နယ်၌ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်(၅၀)ဦးအား  ‌ထောက်ပံ့ငွေများပေးအပ်

ငပုတော မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်(၅၀)ဦးအား  ‌ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအနေဖြင့် မိမိဒေသလုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တည်ငြိမ်မှုရှိစေရေးတို့အတွက် အထူးအလေးထားဆောင်ရွက်နိုင်ရေး၊ ထူးခြားဖြစ်စဉ်များ၊ နယ်မြေသတင်းများရရှိပါက အချိန်နှင့်‌တပြေးညီ သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့‌နိုင်ရေးနှင့် အခြားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို မှာကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှုးရဲလင်းထွန်း၊ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် တာဝန်ရှိသူများကမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်(၅၀)ဦးအားတစ်ဦးလျင် (၂၀၄,၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)