ဝါးခယ်မ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မောင်းဒီးကျေးရွာ၌ ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသခံများနှင့်တွေ့ဆုံပြီး နယ်မြေဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက တက်ရောက်လာသော ကျေးရွာနေပြည်သူများအား ဒေသဖွံ့ဖြိုးလုပ်ငန်းများ၊ နယ်မြေဒေသ အေးချမ်းသာယာရေး၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ဆိုင်ရာများ၊ မှုခင်းကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး၊ မျိုးကောင်း၊ မျိုးသန့်စိုက်ပျိုးထုတ်လုပ်ရေး၊ သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ကြဲပက်ရေး၊ ကျောင်းနေအရွယ်ကလေးငယ်များ ရာနှုန်းပြည့်ကျောင်းအပ်နှံရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိသူတိုင်း Smart Card ဆောင်ရွက်နိုင်စေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် မောင်းဒီးကျေးရွာမှ ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်ဆွေးနွေးခဲ့ရာ စစ်ကြောင်းကြီး(၅)ကြောင်းမှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆေင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ (ဝါးခယ်မ)