လပွတ္တာ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ် အမှတ်(၁)နှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစ၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဆရာ၊ ဆရာမများတက်ရောက်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကား ပြောကြားခြင်း၊ ခရိုင်ပညာရေးမှူး ဦးသန်းမောင်က တက္ကသိုလ်ဝင်စာမေးပွဲကို ရာနှုန်းပြည့်အောင်မြင်စွာ ဖြေဆိုနိုင်ရေး၊ မိမိမြို့နယ် မိမိခရိုင်အတွင်း တက္ကသိုလ်ဝင်တန်း ရာနှုန်းပြည့်ဝင်ရောက်နိုင်ရေး၊ မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်ဝင်းက ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေး ရှင်းလင်းပြောကြားလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးပွဲများဆောင်ရွက်ရာတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဦးဆောင်ဆွေးနွေးသူနှင့် ဆရာ၊ ဆရာမ စုစုပေါင်း(၁,၈၃၈)ဦးဖြင့် ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို မေလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ဦးဆောင်ဆွေးနွေးသူနှင့် ဆရာ၊ ဆရာမ စုစုပေါင်း(၁၁၂)ဦးဖြင့် ဆွေးနွေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)