မြစ်သားမြို့နယ်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာဖြင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်အတွက် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်

မြစ်သား မေ   ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်း၍ဓာတ် အားပြည့်ဝစွာသုံးစွဲနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားဖြန့် ဖြူးပေးထားသောဓာတ်အားလိုင်းများ တစ်လျှောက်ကွင်းဆင်း စစ်ဆေးပြီး ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၏ အနီးကပ်ကြီးကြပ်မှုဖြင့် လိုင်းတာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့က ဖြစ်ပွား နိုင်သည့် လျှပ်စစ်အန္တရာယ်နှင့်ဓာတ်အားပျောက်ဆုံးမှုများ လျော့နည်းကျဆင်းရေး၊ ပြည်သူများ ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့်မြို့နယ်အတွင်းကျေးရွာ များသို့  ဖြန့်ဖြူးပေးထားသောလျှပ်စစ်ဓာတ်အားလိုင်းတစ် လျှောက်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများကို စနစ်တကျခုတ်ထွင်ရှင်းလင်းဆောင်ရွက်ကာ ယိုင်လဲနေသောဓာတ်အားလိုင်းတိုင်များ ပြန်လည်တည့်မတ်ခြင်း၊ ကြံ့ခိုင်မှုအားနည်းသော ကြွေသီးများ အစားထိုးအသစ် လဲလှယ်ခြင်းများကို ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြသည်။

မြစ်သားမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်လုပ်ငန်းအနေဖြင့် ဒေသခံပြည်သူများလျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက်  မြို့နယ်အတွင်း ဖြန့်ဖြူး ပေးထားသောလျှပ်စစ်ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရန်အတွက် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး ပြီးသစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး တာဝန်ရှိသူတစ်ဦး ထံမှသိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)