ကျုံပျော်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

ကျုံပျော် မေ  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၉ ရက် နံနက်က စတင်ထုတ်ချေးရာ၊ ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာတို့က တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးစရိတ်ချေးငွေကို သွင်းအားစုလုပ်ငန်းများတွင် စနစ်တကျအသုံးပြုရန်  အမှာစကား‌ ပြောကြားပြီး၊ ကျီးအိုင်‌ကျေးရွာအုပ်စုမှ  တောင်သူ(၁၂၄)ဦး၏ စိုက်ပျိုးဧက (၆၉၂)ဧကသို့ တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ်သိန်းပေါင်း (၁,၀၃၈)သိန်း စတင်ထုတ်ချေးခဲ့သည်။

ကျုံပျော်မြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စု (၉၇)အုပ်စုရှိ စိုက်ဧက(၈၃,၁၅၄) ဧကအတွက် ချေးငွေပမာဏ (၁,၂၃၄.၇၁)သိန်း  ထုတ်ချေးရန် လျာထားထားပြီး မေလ ၁၉ ရက်မှ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ အချိန်စေ့လွန်ကြွေးကျန်များနှင့် အချိန်စေ့ကြွေးများအားလုံး ပြေကြေသူများကို ထုတ်ချေးပေးသွားမည်ဖြစ်ပြီး၊ ချေးငွေရာနှုန်းပြည့် ပြေကြေသော ကျေးရွာအုပ်စုများကို  ဦးစားပေးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)