မြောင်းမြ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများအား ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် မြောင်းမြခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက ယနေ့မေလ (၁၉) ရက်နေ့တွင် မြောင်းမြမြို့နယ်အတွင်းရှိ တောင်သူ(၁၆၇)ဦး၊ လယ်မြေဧက (၁,၁၆၁) ဧကအတွက် တစ်ဧကလျှင် (၁၅၀,၀၀၀) ကျပ်နှုန်းဖြင့် ချေးငွေကျပ် (၁၇၄,၁၅၀,၀၀၀) ကျပ်တို့ကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ အချိန်စေ့ရောက်ပြီးသည့်ချေးငွေများ ကျေပွန်စွာပေးဆပ်ပြီးသည့် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)