ချမ်းမြသာစည်မြို့နယ်၌ စဉ်ဆက်မပြတ် ပညာသင်ကြားဖို့ ကျောင်းအပ်နှံကြစို့ မြေစိုက်ပိုစတာ စိုက်ထူ

ချမ်းမြသာစည်   မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ (၂၀၂၅- ၂၀၂၆) ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင်ရေးအတွက် “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာကို ယနေ့ နံနက်ပိုင်းက ၆၁ လမ်း ၁၁၁ လမ်းထောင့်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း အနီးနှင့် အမှတ် (၇) အခြေခံပညာအထက်တန်း ကျောင်းရှေ့ မျက်နှာစာများတွင် စုပေါင်းစိုက်ထူခဲ့ကြသည်။

အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးထင်‌ဇော်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ထွန်းဇံဖြူနှင့် အဖွဲ့ဝင်များ၊ ဒု- မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ချမ်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းမြင့်နှင့် ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး "ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်အပ်နှံကြပါစို့" ခေါင်းစဥ်ပါ မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ချမ်းမြသာစည်မြို့နယ်တွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကို မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ (KG) အတန်းမှ (Grade-12)အထိ ကျောင်းအပ်လက်ခံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ချမ်းမြေ့