ကျောင်းကုန်းမြို့၌ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေး

ကျောင်းကုန်း မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉း၃၀ နာရီအချိန်ခန့်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ် ကျောင်းကုန်းမြို့နယ်ဘဏ်ခွဲမှ ရောင်ပြစ်ကွင်းကျေးရွာအုပ်စုနှင့် လိပ်ပုတ်ကျေးအုပ်စုရှိတောင်သူ(၈၀)ဦး၏ လယ်မြေဧက(၆၂၀)ဧကအတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် ချေးငွေကျပ်သိန်းပေါင်း(၉၃၀)သိန်းကို တောင်သူများလက်ဝယ်သို့ ထုတ်ချေးပေးခဲ့ပြီး၊ မေလမှ စက်တင်ဘာလကုန်အထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာဦးဇော်မြတ်လင်းနှင့် ဝန်ထမ်းများ၊ တောင်သူများတက်ရောက်ခဲ့ကြကြောင်းနှင့် ၂၀၂၄ ခုနှစ် မိုးစပါးကြွေး ပြေကျေသူများနှင့် ကြွေးဟောင်းပြေကြေသူများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကသိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)